Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 27, 2015

တူနာငါးက ရင်သားကင်ဆာကို တားဆီးပေးနိုင်

ငါးစားတာဟာ အမျိုးသမီးတွေမှာဖြစ်တဲ့ ရင်သားကင်ဆာကို တားဆီးပေးနိုင်မှုနှုန်း များတယ်လို့ အမေရိကန် သုတေသနရပ်အရ သိရပါတယ်။

ရင်သားကင်ဆာဖြစ်နေတဲ့ အမျိုးသမီးဦးရေ ၁၄၀၀ ကို စစ်တမ်းကောက်ယူချက်အရ၊ ငါးအစားများတဲ့ သူတွေဟာ အရွယ်မရောက်ခင်သေဆုံးနိုင်မှုနှုန်း သုံးပုံတစ်ပုံနည်းကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီရင်သားကင်ဆာ ရောဂါရှင်တွေကို ပျှမ်းမျှ နှစ်ပေါင်း ၁၄.၇နှစ် ကြာ ရောဂါစစ်ဆေး၊ စောင့်ကြည့်ပြီးတဲ့နောက် ၃လကြာ အင်တာဗျူးလုပ်ခဲ့ပါတယ်။

တူနာငါးအစိမ်း အစား အများဆုံး အမျိုးသမီးတွေဟာ မစားသူတွေနဲ့ယှဉ်ရင် သေဆုံးနိုင်မှုအန္တရာယ် ၂၉ရာခိုင်နှုန်း နည်းကြောင်း အဖြေထွက်ရှိလာပါတယ်။ ငါးကိုချက်ပြုတ်ပြီးစားတဲ့သူတွေမှာတော့ ၂၅ရာခိုင်နှုန်း အန္တရာယ်လျော့နည်းပါတယ်။ ဒီရလဒ်တွေကို Cancer ဂျာနယ်မှာ ဖတ်ရှုနိုင်ပါတယ်။

ဒါဟာ ငါးထဲမှာပါတဲ့ ကာဗွန်အက်တမ်တွေကြား နှစ်ဆ၊ သုံးဆ စည်းနှောင်မှုပါရှိတဲ့ polyunsaturated fatty acid မှာ ရောင်ယမ်းမှုတိုက်ဖျက်တဲ့ အာနိသင်တွေရှိပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတယ်လို့ ယူဆလို့ပဲ ဖြစ်ပါတယ်။

( Skyler )
Ref: Daily Mail

အကိုက်အခဲပျောက်ဆေး တစ်နေ့တစ်လုံးသောက်ခြင်းက ကိုယ်ဝန်ရစေရန် အကူအညီဖြစ်စေ

အကိုက်အခဲပျောက်ဆေး တစ်နေ့တစ်လုံးသောက်ရင် ကိုယ်ဝန်ရဖို့ကို ကူညီပေးနိုင်တယ်လို့ ကမ္ဘာ့ထိပ်တန်း ဆရာဝန်တွေက အကြံပြုခဲ့ပါတယ်။

အကိုက်အခဲ ပျောက်ဆေး ပုံမှန် သောက်သုံးပေးတာဟာ ကင်ဆာ၊ နှလုံးတိုက်ခိုက်မှု နဲ့ လေဖြတ်ရောဂါ စတဲ့ အန္တရာယ်တွေကို လျော့ကျစေနိုင်တယ်ဆိုတဲ့ အချက်အလက်တွေလဲ အများကြီး ဖော်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။

အခု မိသားစုတစ်စုကို စပြီးတည်ထောင်တော့မယ့် အမျိုးသမီးတွေ အတွက် သတင်းကောင်းပါ။ အကိုက်အခဲပျောက်ဆေး တစ်နေ့တစ်လုံး ပုံမှန် သောက်ပေးရင် အချင်းကို ပိုထူစေပါတယ်၊ ဆဲလ်များအတွင်း ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်၊ သွေးလည်ပတ်မှုကိုလည်း အားကောင်းစေပါတယ်။

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေအနေနဲ့ အကိုက်အခဲပျောက်ဆေးကို တစ်နေ့တစ်လုံးသောက်ခြင်းဖြင့် ကိုယ်ဝန်ရနိုင်ဖို့ အခွင့်အလမ်းတိုးလာမှာ ဖြစ်ကြောင်း မျိုးပွားဆေးပညာ အမေရိကန်အသင်းအဖွဲ့ ဒုဥက္ကဌ ဒေါက်တာ Richard Paulson က အကြံပြုထားပါတယ်။

ယခု လေ့လာတွေ့ရှိချက် အကြောင်းတွေကို အသင်းအဖွဲ့ရဲ့နှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြမှုပြုလုပ် ခဲ့ပါတယ်။

ကိုယ်ဝန်ပျက်ကျပြီး နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေအတွက်လည်း အောင်မြင်တဲ့ မွေးဖွားမှုကို ဖြစ်စေနိုင်တဲ့ အထောက်အထားတွေလဲ ရှိပါတယ်။

အကိုက်အခဲပျောက်ဆေးမှာ ကိုယ်တွင်းကိုယ်နာ၊ အစာအိမ်သွေးယိုတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် အကိုက်အခဲပျောက်ဆေးကို နေ့တိုင်းသောက်သုံးမယ့်သူတွေအနေနဲ့ မိသားစုဆရာဝန်နဲ့ အရင်တိုင်ပင် ဖို့ကိုတော့ သတိပြုသင့်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref: Mirror

ငှက်ပျောခွံစားခြင်းဖြင့် ကိုယ်အလေးချိန်လျော့၍ စိတ်ကြည်လင်

ငှက်ပျောခွံဟာ စူပါအစားအစာ သစ်တစ်ခု ဆိုတာ ဟုတ်ပါသလား။ ငှက်ပျောခွံမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေက ကိုယ်အလေးချိန် လျော့စေဖို့နဲ့ စိတ်ကြည်လင်ဖို့ကို အထောက်အကူ ပြုတယ်လို့ သိရပါတယ်။

ငှက်ပျောခွံဆိုတာ အမှိုက်၊ ပစ်ရမယ်၊ မစားရဘူး ဆိုပြီး ကျွန်တော်တို့ မွေးကတည်းက သိလာတာပါ။
ငှက်ပျောခွံ တက်နင်းရင် ချော်လဲတာကို ကာတွန်းဟာသတွေထဲမှာ ခဏခဏပါပြီး နာမည်ကြီးပေမဲ့ တကယ်တော့လည်း ငှက်ပျောခွံက ကျွန်တော်တို့ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးရှိကြောင်း သက်သေပြနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

နေ့စဉ်အစားအစာ ထဲမှာ ငှက်ပျောခွံကို စားရမယ်ဆိုတာဟာ ဂြိုဟ်သားအတွေးအခေါ် လိုမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါက ကမ္ဘာ့နိုင်ငံအများစုအတွက်တော့ မှန်ပေမဲ့ အိန္ဒိယနဲ့ ကာရစ်ဘီယန်မှာတော့ အစားအစာ အနံ့ကောင်းစေဖို့နဲ့ ဟင်းခတ်အဖြစ် သုံးလေ့ရှိပါတယ်။

“ပထမတော့ ငှက်ပျောခွံကို စားဖို့မသင့်ဘူးလို့ ထင်နိုင်ပေမဲ့၊ နောက်ထပ် လေ့လာကြည့်လိုက်တော့ သူ့မှာ အာဟာရဆိုင်ရာ အကျိုးရလဒ်တွေ အများကြီးရှိတယ်လို့ ကျွန်တော်တို့ သိရှိနားလည်လိုက်ပါတယ်။” လို့ အာဟာရပညာရှင် Ella Allred က Daily Mail Onine ကို ပြောပြခဲ့ပါတယ်။

“ငှက်ပျောခွံရဲ့ အမျှင်ဓာတ်ပေါကြွယ်မှုက ဝမ်းမှန်ဖို့ကို အကူအညီပေးပါတယ်။ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C, B6 စတဲ့ အာဟာရဓာတ်တွေက အဖိုးတန်လှပါတယ်။ ငှက်ပျောခွံမှာ ဗီတာမင် B6, B12 အပြင် မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ ပရိုတိန်းတွေ ပါဝင်ပါတယ်။” လို့ သူက ထပ်ပြောခဲ့ပါတယ်။
သွား၊ အရိုးနဲ့ နူးညံ့တဲ့တစ်သျှူး ကျန်းမာရေးတွေကို ကောင်းစေတဲ့ ဗီတာမင် Aလည်း ပါဝင်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref: Daily Mail

ဗိုက်ဆာရင် ဒေါသထွက်တာဟာ လူတွေ ရှင်သန်နိုင်အောင် ဖန်တီးပေးနေခြင်းဖြစ်

ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ လူတွေဟာ သူတို့ရဲ့ အစာစားချိန် နီးလာတဲ့အခါမှာ ခဏတာ ဒေါသထွက်လေ့ရှိကြပါတယ်။

ဘာပဲပြောပြော သုတေသီတွေကတော့ ဗိုက်ဆာတဲ့အခါမှာ ဒေါသထွက်ခြင်းဟာ ဖြစ်ပေါ်မှု အခြေခံလုပ်ငန်းတစ်ခုပဲဖြစ်တယ်လို့ ဆိုကြပါတယ်။သူတို့ ပြောတာကတော့ ဗိုက်ဆာရင်ဒေါသထွက်တဲ့ အလိုလျောက်ဖြစ်စဉ်ဟာ တစ်ကယ်တော့ လူသားတွေကို ရှင်သန်နိုင်အောင် လုပ်ပေးနေတာပါတဲ့။

"စိတ်ဝင်စားဖို့ကောင်းတာက ဘာလဲဆိုရင် ဗိုက်ဆာရင်ဒေါသထွက်ခြင်းဟာ ရှင်သန်ခြင်း ယန္တရား တစ်ခု ဖြစ်နေတာပါ" လို့ ပြည်သူ့ကျန်းမာရေး ကျောင်းရဲက ကျန်းမာရေး သိပ္ပံဌာနက Brenda Bustillos က ဆိုပါတယ်။

"အစားအသောက်ဆိုတာဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂလူးကို့စ် ပမာဏ နည်းလာတဲ့အခါမှာ ကျွန်မတို့ရဲ့ ဦးနှောက်ဟာ စိတ်ဖိစီးမှု ဟော်မုန်းတွေကို ထုတ်လုပ်လိုက်ပါတယ်။" လို့လည်းသူမက ဖြည့်သွင်းပြောပြပါတယ်။ သူမအခိုင်အမာဆိုခဲ့တာကတော့ ဂလူးကို့စ် ဟာ ကျွန်ုပ်တို့ ဦးနှောက်ကို လောင်စာဖြည့်ပေးနေတယ်ဆိုတာပါပဲ။

လူတွေရဲ့ ဦးနှောက်ဟာ ဂလူးကို့စ် ပမာဏ နည်းပားမှုကြောင့် ဆာလောင်မှုကို သိရှိနေချိန်မှာ သာမန်ရိုးရှင်းတဲ့အလုပ် ကိစ္စတွေကိုပင် ကျွန်ုပ်တို့ဟာ သာမန်ထက် ပိုမိုခက်ခဲစွာ လုပ်ဆောင်နေရပါတယ်။

"ဂလူးကို့စ်ဆိုတဟာဦးနှောက်ရဲ့ နံပါတ်၁ လောင်စာပါ။ ဂလူးကို့စ်ဟာ လူသားတွေရဲ့ အာရုံစူးစိုက်နိုင်မှုနဲ့ တွေးခေါ်နိုင်စွမ်း တွေကို ဖန်တီးပေးပါတယ်" လို့ Bustillos က ဆိုပါတယ်။

Bustillos ရဲ့ ပြောကြားချက်အရတော့ ဗိုက်ဆာရင် ဒေါသထွက်ခြင်းဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင်းက ထိန်းချုပ်မှုနဲ့ သာမန် ယန္တရား လည်ပတ်မှုတွေ ပျက်စီး သွားခြင်းရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ လူသားတွေဟာ အစားအစာ မရရှိနိုင်တဲ့အခါမှာ အချည်းနှီးဖြစ်မှုကို ဖန်တီးပေးတဲ့ ဒဿနိက ဆိုင်ရာ တုံ့ပြန်မှုတွေကို ရရှိလိုက်ပါတယ်။ ဒါကြောင့် ဦးနှောက်အတွင်းမှာ ဂလူးကို့စ် ခမ်းခြောက်သွားတဲ့အခါမှာ ဒေါသထွက်ခြင်းကို ထိန်းချုပ်ဖို့ ခက်ခဲသွားပါတယ်။

ဒါပေမယ့်လည်း သူမက ပြောကြားခဲ့တာကတော့ ဒီအခြေအနေကို ရှောင်လွှဲလို့ရနိုင်ပါတယ်။ ရှောင်လွှဲနိုင်မယ့်နည်းလမ်းကတော့ အကျင့် တစ်ချို့ကို မွေးမြူထားလိုက်ပါ။ ဗိုက်ဆာနေတဲ့အချိန်မှာ ဒေါသမထွက်ပဲ စိတ်အာရုံပြောင်းနိုင်စေမယ့် အကျင့်လေးတွေကို ဖန်တီးထားဖို့ပဲဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail