Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 24, 2016

SHISHA အန္တရာယ်

ပုံကိုကြည့်လိုက်ရင် ကလေးတွေအတွက်စွဲမှတ်ဖွယ်ပေါ့။သူ့နံမည်က Shisha တဲ့ မိဘတွေသတိထားခိုင်းရမည့်အရာပါ။ ပုံမှာပါတဲ့အရာဟာ ဆေးလိပ်လိုပုံစံမျိုးပါ။ ကလေးတွေအတုခိုးစရာပေါ့ တရုတ်ကတင်သွင်းပါတယ်။အန္တရာယ်အင်မတန်များပါတယ် စားစရာလည်းမဟုတ်ပါဘူး။ ပထမ ရှိုက်ပြီးရှုလိုက်ရင် နည်းနည်းအေးလာသယောင်ဖြစ်တယ်။ ဒုတိယခက်ပြင်းပြင်းရှိုက်လိုက်ရင် သူ့ရဲ့ထိပ်က ရဲတက်လာပြီး အငွေ့ထွက်လာပြီး အငွေ့ကိုလိုက် ရှုရတယ်။ အရသာကအနံ့အဖြစ် နာနတ်သီး ကော်ဖီ လိမ္မော် အစားစားရှိတယ်။ သူ့ကိုသုံးပြီးတာနဲ့ ချောင်းဆိုးတာစဖြစ်လာတယ် ကြာကြာသုံးလာရင်တော့ ရောဂါများစွာဖြစ်လာတက်တယ်။
တစ်လိပ်ကို ၁၅၀၀ ကလေးတွေတော်တော်များများသုံးနေတာတွေ့ရတယ်။ မိဘတွေ ကလေးတွေကိုနားဝင်အောင်ပြောပြပြီး တာဝန်ရှိသူတွေက တားမြစ်သင့်တယ်လို့ထင်ပါတယ်။
လူငယ် ၈ တန်းကျောင်းသားလေးတွေအထိသုံးနေကြပြီးမည်သည့်နေရာမဆို ဝယ်လို့ရတယ်လို့ သိထားပါတယ်။
ခင်မင်လေးစားလျှက်
Ko Ye Htut Gyi

အခုပြောတဲ့ Shisha သည် စီးကရက်ထက် အဆ ၂၀၀ ပိုမိုဆိုးရွားစေတယ်လို့ သိရပါတယ်။ အောက်ပါ လင့်ခ်မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ ကလေးတွေကို ပျက်စီးစေတဲ့အရာပါ။
http://www.healthxchange.com.sg/healthyliving/ManagingChronicIllnesses/Pages/Shisha-200-Times-More-Harmful-Than-Cigarettes.aspx

အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ



တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တစ်ပါး နန်းတက်ခဲ့တယ်။ ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်အင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်…ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….
ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….
မေးခွန်းက ...

လောကကြီးမှာရှိတဲ့အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာကဘာလဲ ?????

အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……ဒါပေမယ့် အချိန်တစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..
ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….
နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်…
အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….
စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….
ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….
ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…
ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို
လျှောက်တင်လိုက်ပါတယ်…
ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးကပေးလိုက်ပါတော့တယ်..

လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်းအမှန်တကယ်အလိုချင်ဆုံး အရာကသူတို့ရဲ့ဘဝကိုသူတို့ စိတ်တိုင်းကျစီမံခန့်ခွဲချင်တာပါပဲ . .

ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့စုန်းမကြီးတို့ရဲ့မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ ????

ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….
“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်
ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….
နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???
အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????

အမတ်ကြီးရွေးချယ်လိုက်တာကတော့ "" မင်းသဘောအတိုင်းပါဘဲကွာ"" တဲ့ အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်….. “အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “ ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….????? သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ မလှပနိုင်တော့ဘူးနော်..

Credit to myanmaronlinenew

မျက်နှာကို ကြည့်ပြီး သိနိုင်တဲ့ ကျန်းမာရေးအခြေအနေများ . . .

မျက်နှာကို ကြည့်ပြီး သိနိုင်တဲ့ ကျန်းမာရေးအခြေအနေများ . . .

ပြောစကားတစ်ခုရှိပါတယ်။ "မျက်နှာဟာ စိတ်ရဲ့ ပြတင်းပေါက်ပါ" တဲ့။ လူတွေဟာ ကိုယ့် ခန္ဓာကိုယ်မှာ ဘယ်လို အာဟာရ တွေလိုအပ်နေတယ် ။ ဘာတွေချို့တဲ့နေတယ် ဆိုတာကို စိတ်ထဲက အလိုလျောက် မသိနိုင်ပါဘူး။ ဒါပေမယ့်လည်း မှန်ထဲမှာ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ပြီး မိမိရဲ့ ကျန်းမာရေး အခြေအနေတွေကို သိနိုင်တယ်လို့ Healthista သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ မျက်နှာမှာ သဘာဝ အသားအရေ လှပမှု ကိုဖျက်ဆီးထားတဲ့ လက္ခဏာတွေရှိပါတယ်။ နဖူးမှာ အရေးအကြောင်းများထင်တာ ၊ ဆံပင်ကျွတ်တာ ၊ နှုတ်ခမ်းထောင့်မှာ အနာပေါက်တာ စတာတွေကို ကြည့်ခြင်းအားဖြင့် မိမိ ခန္ဓာကိုယ်မှာ ဘာတွေလိုအပ်နေတယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။

အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေခြင်း

သင့် အသားအရေတွေ ဖြူဖတ်ဖြူရော်ဖြစ်နေခြင်းဟာ သင့်ခန္ဓာကိုယ်တွင်း မှာ သံဓါတ် လိုအပ်နေလို့ပါ။ လူတစ်ယောက်ဟာ သံဓါတ်လိုအပ်နေတဲ့အခါမှာ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေတတ်သလို မျက်လုံးပတ်ပတ်လည် မှာလည်း အမဲ ရောင်အစက်အပြောက်လေးတွေ ပေါ်လာတတ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် နည်းလမ်းကတော့ အနီရောင်ရှိတဲ့ အသားတွေ စားတာ နည်းလို့ပါ။ အနီရောင်ရှိတဲ့ အသားတွေမှာ Haem လို့ခေါ်တဲ့ သံဓါတ်တစ်မျိုးပါဝင်ပြီး ထို သံဓါတ်ဟာ လူသားတွေရဲ့ ကိုယ်တွင်းမှာ ရှိနေတဲ့ သံဓါတ်နဲ့ တူညီနေပါတယ်။ သက်သက်လွတ်စားသုံးသူတွေအတွက်တော့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေနဲ့ ဗီတာမင်စီ ကို မှီဝဲ ပေးနိုင်တယ်လို့ သိရပါတယ်။

နှုတ်ခမ်းထောင့်မှာ အနာပေါက်ခြင်း

သင့် နှုတ်ခမ်းထောင့်မှာ အနာပေါက်တာ ကို လကုန်ရက်တွေတိုင်းမှာတွေ့ရတတ်တာရဲ့ အကြောင်းအရင်းက ဗီတာမင် ဘီ အစုတွေနည်းနေလို့ပါ။ ထိုရောဂါကို Angular Stomatitis လို့လည်းခေါ်ပြီး ဗီတာမင် ဘီ ၂ ၊ ဗီတာမင် ဘီ ၃ တို့ ချို့တဲ့နေတဲ့အခါမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒီရောဂါကိုတော့ အသီးအရွက်သာစားတဲ့ သက်သက်လွတ် သမားတွေမှာ အဖြစ်များတာကို တွေ့ရပြီး ဗီတာမင် ဘီ အများဆုံးပါဝင်တဲ့ နို့ထွက် ပစ္စည်းတွေကို စားသုံးမှု နည်းလို့ ပဲ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် အရွက် ပါတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ဗီတာမင် ဘီ ကြွယ်ဝစွာပါဝင်ပေမယ့်လည်း ရေရှည်မှာတော့ မလုံလောက်နိုင်ပါဘူး။

မေးစေ့မှာ ၀က်ခြံပေါက်ခြင်း

ဒီ ပြသနာကိုတော့ အမျိုးသမီးတွေမှာ အဖြစ်များတာကိုတွေ့ရပါတယ်။အမျိုးသမီးတွေဟာ ဓမ္မတာ ကာလ ၀န်းကျင်မှာ မေးစေ့ ၊ ပါးရိုး နားတွေမှာ ဟော်မုန်းပြောင်းလဲမှု ကြောင့် ၀က်ခြံတွေ ပေါက်လာပါတယ်။ သွေးရိုးသားရိုးမဟုတ်တော့ဘူးဆိုရင်တော့ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြကြည့်လိုက်ပါ။ ဒါဟာ ဗြိတိန်နိုင်ငံ က၁၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေကြုံတွေ့နေရတဲ့ (PCOS) ဆိုတဲ့ သန္ဓေဆောင်ခြင်းမှာ အခက်အခဲ ဖြစ်တဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကိုဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ဆရာဝန်သွားပြပြီး သွေးစစ်ကြည့်လိုက်ပါ။

လည်ပင်းမှာ အမည်းရောင် အရေးအကြောင်းများပေါ်လာခြင်း

သင့်လည်ပင်းမှာ ဂျီးတွေရှိနေသလိုမျိုးအမည်းရောင် အရေးအကြောင်းတွေ ပေါ်နေပြီးဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောတဲ့အခါမှာလည်း ပျောက်ကွယ်သွားခြင်းမရှိရင်တော့ သင့်မှာ ဆီးချိုသွေးချို ဖြစ်နိုင်ချေ များနေပါပြီ။ Acanthosis Nigricans လို့ လူသိများတဲ့ ထိုရောဂါဟာ အ၀လွန်ခြင်းနဲ့ သကြားဓါတ်မှီဝဲမှု လွန်ကဲ ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းရမယ့်နည်းလမ်းကတော့ ဆရာဝန်သွားပြပြီး သကြားမှီဝဲမှု ပမာဏ ကိုတိုင်းတာကြည့်လိုက်ပါ ။ ပြီးရင်တော့ ကံကောင်းထောက်မစွာနဲ့ပဲ သင့်မှာ ဆီးချိုသွေးချို မဖြစ်သေးဘူးဆိုရင်တော့ သင်ဟာ သကြားပမာဏ နည်းပါးတဲ့ အစားအစာတွေ ၊ ကာဗွန်ဟိုက်ဒရိတ် နည်းပါးတဲ့ အစားအစာ တွေ ကို စားသုံးပြီး ၀ိတ်ချခြင်းနဲ့ ဖြစ်လာနိုင်မယ့် ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Ref: Daily Mail

အလုပ်ခွင်မှာ စိတ်ဖိစီးမူခံစားရပါက ဒီနည်းလေးတွေသုံးကြည့်ပါ . . .

အလုပ်ခွင်မှာ စိတ်ဖိစီးမူခံစားရပါက ဒီနည်းလေးတွေသုံးကြည့်ပါ . . .


 အလုပ်ခွင်မှာ ခံစားနေရတဲ့ စိတ်ဖိစီးမူတွေကို နှစ်၊ လ၊ ရက်တွေ ကြာအောင် သိမ်းဆည်းလို့ မထားလိုက်ပါနဲ့။ အလုပ်ဆိုတာ ပျော်ရွှင်မူတွေ ရှိကို ရှိရပါမယ်။ အမြဲ စိတ်ဖိစီးမူတွေနဲ့ ပြည့်နှက်နေပြီ ဆိုရင်တော့ တစ်ခုခု အမှားအယွင်း ဖြစ်လို့ နေပါပြီ။
ဝါသနာ မပါတဲ့ အလုပ်ကို ရွေးချယ်ပြီး လုပ်မိတဲ့ အတွက်ကြောင့် များလား…။
ငွေကို မက်ပြီး အလုပ်လုပ်တဲ့ အတွက်ကြောင့်လား…။
မေးစရာတွေ အထွေထွေ ပေါ်လာပါလိမ့်မယ်။ ဒီတော့ စိတ်ဖိစီး မူတွေကို ဖြေရှင်းနိုင်အောင် ကြိုးစားရပါလိမ့်မယ်။ စိတ်ဖိစီးမူဟာ တစ်နေ့တည်း တစ်ရက်တည်း ဆိုရင်တော့ ပြဿနာ မဟုတ်ပေမယ့် နှစ် လ ရက်တွေ ရှည်လာပြီ ဆိုရင် မကောင်းတော့ပါဘူး။
စိတ်ဖိစီးမူတွေကို ကြာရှည်စွာ သိမ်းထားမယ် ဆိုရင်တော့ သွေတိုး နှလုံး စတဲ့ ရောဂါတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။
ဖြေရှင်းနည်း -
၁။ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်း။
၂။ ပြဿနာဟာ အလုပ်ကြောင့်လား မိမိ၏ Personal ကြောင့်လား ဆိုတာကို ကွဲပြားအောင်လုပ်။
၃။ ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် အလုပ်ကနေထွက်။
၎။ နေ့စဉ် တရားထိုင် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာတွေကိုဖတ်။
၅။ အားကစား တစ်ခုခုကို နေ့စဉ်လုပ်။
အလုပ်ခွင်ဟာ မိမိနေ့စဉ် ရင်ဆိုင် လှုပ်ရှားနေရတဲ့ နေရာတစ်ခု ဖြစ်လို့ မိမိသော်လည်းကောင်း၊ မိမိ၏ မိတ်ဆွေ သူငယ်ချင်း
သော်လည်းကောင်း စိတ်ဖိစီးမူ ခံစားနေရတယ်ဆိုရင် အားပေးပါ ကူညီပါ စောင့်ရှောက်ပါ။
Credit : Yoyarlay

သံပုယိုသီး နဲ့ သံပုရာသီး ခွဲခြား သိနိုင်သောနည်း

သံပုယိုသီး နဲ့ သံပုရာသီး ခွဲခြား သိနိုင်သောနည်း

 
သံပုယိုသီးက ရေမှာ ပေါလောပေါ်ပြီး သံပုရာသီးက ရေထဲ နစ်ဝင်တယ်။ ကြည့်ရင် အတူတူထင်ရပေမယ့် သံပုရာသီးက ရေထက် သိပ်သည်းဆပိုများပြီး သံပုယိုသီး သိပ်သည်းမှုက ရေနဲ့ အတူတူပင်ဖြစ်တယ်။
Credit : Unknown

Tuesday, August 23, 2016

အထင်မခံနိုင်ဘူးကွ . . . ငိ ငိ

အထင်မခံနိုင်ဘူးကွ . . . ငိ ငိ


လေ့ကျင့်ခန်းစ . . . ၁ ၂ ၃ ၄ ၅ ၆ ၇ ၈

လေ့ကျင့်ခန်းစ . . . ၁ ၂ ၃ ၄ ၅ ၆ ၇ ၈

စောစောကပြောပေါ့ သားရယ် . . .

စောစောကပြောပေါ့ သားရယ် . . .

ဘာရှာလဲ မေးကြည့်လေ . . .

ဘာရှာလဲ မေးကြည့်လေ . . .

ငအ မဟုတ်ဟူး . . ငဒူ

ငအမဟုတ်ဟူး . . ငဒူ
credit : Original Uploader & www.funny.com.mm

အမှတ်တရ တဲ့ဗျာ . . .

အမှတ်တရ တဲ့ဗျာ . . .

ကိုယ်ပျောက်ဆေး ဆိုမှတော့ကွာ . . .

ကိုယ်ပျောက်ဆေး ဆိုမှတော့ကွာ . . .


သြော် . . . မြီးမ မြီးမ

သြော် . . . မြီးမ မြီးမ

Credit : Original Uploader & www.funny.com.mm

Snooker ခုံက အလန်းကြီးဟ . . .

Snooker ခုံက အလန်းကြီးဟ . . .
