Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 24, 2016

SHISHA အန္တရာယ်

ပုံကိုကြည့်လိုက်ရင် ကလေးတွေအတွက်စွဲမှတ်ဖွယ်ပေါ့။သူ့နံမည်က Shisha တဲ့ မိဘတွေသတိထားခိုင်းရမည့်အရာပါ။ ပုံမှာပါတဲ့အရာဟာ ဆေးလိပ်လိုပုံစံမျိုးပါ။ ကလေးတွေအတုခိုးစရာပေါ့ တရုတ်ကတင်သွင်းပါတယ်။အန္တရာယ်အင်မတန်များပါတယ် စားစရာလည်းမဟုတ်ပါဘူး။ ပထမ ရှိုက်ပြီးရှုလိုက်ရင် နည်းနည်းအေးလာသယောင်ဖြစ်တယ်။ ဒုတိယခက်ပြင်းပြင်းရှိုက်လိုက်ရင် သူ့ရဲ့ထိပ်က ရဲတက်လာပြီး အငွေ့ထွက်လာပြီး အငွေ့ကိုလိုက် ရှုရတယ်။ အရသာကအနံ့အဖြစ် နာနတ်သီး ကော်ဖီ လိမ္မော် အစားစားရှိတယ်။ သူ့ကိုသုံးပြီးတာနဲ့ ချောင်းဆိုးတာစဖြစ်လာတယ် ကြာကြာသုံးလာရင်တော့ ရောဂါများစွာဖြစ်လာတက်တယ်။
တစ်လိပ်ကို ၁၅၀၀ ကလေးတွေတော်တော်များများသုံးနေတာတွေ့ရတယ်။ မိဘတွေ ကလေးတွေကိုနားဝင်အောင်ပြောပြပြီး တာဝန်ရှိသူတွေက တားမြစ်သင့်တယ်လို့ထင်ပါတယ်။
လူငယ် ၈ တန်းကျောင်းသားလေးတွေအထိသုံးနေကြပြီးမည်သည့်နေရာမဆို ဝယ်လို့ရတယ်လို့ သိထားပါတယ်။
ခင်မင်လေးစားလျှက်
Ko Ye Htut Gyi

အခုပြောတဲ့ Shisha သည် စီးကရက်ထက် အဆ ၂၀၀ ပိုမိုဆိုးရွားစေတယ်လို့ သိရပါတယ်။ အောက်ပါ လင့်ခ်မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ ကလေးတွေကို ပျက်စီးစေတဲ့အရာပါ။
http://www.healthxchange.com.sg/healthyliving/ManagingChronicIllnesses/Pages/Shisha-200-Times-More-Harmful-Than-Cigarettes.aspx

No comments:

Post a Comment