Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 24, 2016

အလုပ်ခွင်မှာ စိတ်ဖိစီးမူခံစားရပါက ဒီနည်းလေးတွေသုံးကြည့်ပါ . . .

အလုပ်ခွင်မှာ စိတ်ဖိစီးမူခံစားရပါက ဒီနည်းလေးတွေသုံးကြည့်ပါ . . .


 အလုပ်ခွင်မှာ ခံစားနေရတဲ့ စိတ်ဖိစီးမူတွေကို နှစ်၊ လ၊ ရက်တွေ ကြာအောင် သိမ်းဆည်းလို့ မထားလိုက်ပါနဲ့။ အလုပ်ဆိုတာ ပျော်ရွှင်မူတွေ ရှိကို ရှိရပါမယ်။ အမြဲ စိတ်ဖိစီးမူတွေနဲ့ ပြည့်နှက်နေပြီ ဆိုရင်တော့ တစ်ခုခု အမှားအယွင်း ဖြစ်လို့ နေပါပြီ။
ဝါသနာ မပါတဲ့ အလုပ်ကို ရွေးချယ်ပြီး လုပ်မိတဲ့ အတွက်ကြောင့် များလား…။
ငွေကို မက်ပြီး အလုပ်လုပ်တဲ့ အတွက်ကြောင့်လား…။
မေးစရာတွေ အထွေထွေ ပေါ်လာပါလိမ့်မယ်။ ဒီတော့ စိတ်ဖိစီး မူတွေကို ဖြေရှင်းနိုင်အောင် ကြိုးစားရပါလိမ့်မယ်။ စိတ်ဖိစီးမူဟာ တစ်နေ့တည်း တစ်ရက်တည်း ဆိုရင်တော့ ပြဿနာ မဟုတ်ပေမယ့် နှစ် လ ရက်တွေ ရှည်လာပြီ ဆိုရင် မကောင်းတော့ပါဘူး။
စိတ်ဖိစီးမူတွေကို ကြာရှည်စွာ သိမ်းထားမယ် ဆိုရင်တော့ သွေတိုး နှလုံး စတဲ့ ရောဂါတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။
ဖြေရှင်းနည်း -
၁။ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်း။
၂။ ပြဿနာဟာ အလုပ်ကြောင့်လား မိမိ၏ Personal ကြောင့်လား ဆိုတာကို ကွဲပြားအောင်လုပ်။
၃။ ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် အလုပ်ကနေထွက်။
၎။ နေ့စဉ် တရားထိုင် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာတွေကိုဖတ်။
၅။ အားကစား တစ်ခုခုကို နေ့စဉ်လုပ်။
အလုပ်ခွင်ဟာ မိမိနေ့စဉ် ရင်ဆိုင် လှုပ်ရှားနေရတဲ့ နေရာတစ်ခု ဖြစ်လို့ မိမိသော်လည်းကောင်း၊ မိမိ၏ မိတ်ဆွေ သူငယ်ချင်း
သော်လည်းကောင်း စိတ်ဖိစီးမူ ခံစားနေရတယ်ဆိုရင် အားပေးပါ ကူညီပါ စောင့်ရှောက်ပါ။
Credit : Yoyarlay

No comments:

Post a Comment