Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 24, 2016

မျက်နှာကို ကြည့်ပြီး သိနိုင်တဲ့ ကျန်းမာရေးအခြေအနေများ . . .

မျက်နှာကို ကြည့်ပြီး သိနိုင်တဲ့ ကျန်းမာရေးအခြေအနေများ . . .

ပြောစကားတစ်ခုရှိပါတယ်။ "မျက်နှာဟာ စိတ်ရဲ့ ပြတင်းပေါက်ပါ" တဲ့။ လူတွေဟာ ကိုယ့် ခန္ဓာကိုယ်မှာ ဘယ်လို အာဟာရ တွေလိုအပ်နေတယ် ။ ဘာတွေချို့တဲ့နေတယ် ဆိုတာကို စိတ်ထဲက အလိုလျောက် မသိနိုင်ပါဘူး။ ဒါပေမယ့်လည်း မှန်ထဲမှာ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ပြီး မိမိရဲ့ ကျန်းမာရေး အခြေအနေတွေကို သိနိုင်တယ်လို့ Healthista သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ မျက်နှာမှာ သဘာဝ အသားအရေ လှပမှု ကိုဖျက်ဆီးထားတဲ့ လက္ခဏာတွေရှိပါတယ်။ နဖူးမှာ အရေးအကြောင်းများထင်တာ ၊ ဆံပင်ကျွတ်တာ ၊ နှုတ်ခမ်းထောင့်မှာ အနာပေါက်တာ စတာတွေကို ကြည့်ခြင်းအားဖြင့် မိမိ ခန္ဓာကိုယ်မှာ ဘာတွေလိုအပ်နေတယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။

အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေခြင်း

သင့် အသားအရေတွေ ဖြူဖတ်ဖြူရော်ဖြစ်နေခြင်းဟာ သင့်ခန္ဓာကိုယ်တွင်း မှာ သံဓါတ် လိုအပ်နေလို့ပါ။ လူတစ်ယောက်ဟာ သံဓါတ်လိုအပ်နေတဲ့အခါမှာ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေတတ်သလို မျက်လုံးပတ်ပတ်လည် မှာလည်း အမဲ ရောင်အစက်အပြောက်လေးတွေ ပေါ်လာတတ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် နည်းလမ်းကတော့ အနီရောင်ရှိတဲ့ အသားတွေ စားတာ နည်းလို့ပါ။ အနီရောင်ရှိတဲ့ အသားတွေမှာ Haem လို့ခေါ်တဲ့ သံဓါတ်တစ်မျိုးပါဝင်ပြီး ထို သံဓါတ်ဟာ လူသားတွေရဲ့ ကိုယ်တွင်းမှာ ရှိနေတဲ့ သံဓါတ်နဲ့ တူညီနေပါတယ်။ သက်သက်လွတ်စားသုံးသူတွေအတွက်တော့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေနဲ့ ဗီတာမင်စီ ကို မှီဝဲ ပေးနိုင်တယ်လို့ သိရပါတယ်။

နှုတ်ခမ်းထောင့်မှာ အနာပေါက်ခြင်း

သင့် နှုတ်ခမ်းထောင့်မှာ အနာပေါက်တာ ကို လကုန်ရက်တွေတိုင်းမှာတွေ့ရတတ်တာရဲ့ အကြောင်းအရင်းက ဗီတာမင် ဘီ အစုတွေနည်းနေလို့ပါ။ ထိုရောဂါကို Angular Stomatitis လို့လည်းခေါ်ပြီး ဗီတာမင် ဘီ ၂ ၊ ဗီတာမင် ဘီ ၃ တို့ ချို့တဲ့နေတဲ့အခါမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒီရောဂါကိုတော့ အသီးအရွက်သာစားတဲ့ သက်သက်လွတ် သမားတွေမှာ အဖြစ်များတာကို တွေ့ရပြီး ဗီတာမင် ဘီ အများဆုံးပါဝင်တဲ့ နို့ထွက် ပစ္စည်းတွေကို စားသုံးမှု နည်းလို့ ပဲ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် အရွက် ပါတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ဗီတာမင် ဘီ ကြွယ်ဝစွာပါဝင်ပေမယ့်လည်း ရေရှည်မှာတော့ မလုံလောက်နိုင်ပါဘူး။

မေးစေ့မှာ ၀က်ခြံပေါက်ခြင်း

ဒီ ပြသနာကိုတော့ အမျိုးသမီးတွေမှာ အဖြစ်များတာကိုတွေ့ရပါတယ်။အမျိုးသမီးတွေဟာ ဓမ္မတာ ကာလ ၀န်းကျင်မှာ မေးစေ့ ၊ ပါးရိုး နားတွေမှာ ဟော်မုန်းပြောင်းလဲမှု ကြောင့် ၀က်ခြံတွေ ပေါက်လာပါတယ်။ သွေးရိုးသားရိုးမဟုတ်တော့ဘူးဆိုရင်တော့ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြကြည့်လိုက်ပါ။ ဒါဟာ ဗြိတိန်နိုင်ငံ က၁၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေကြုံတွေ့နေရတဲ့ (PCOS) ဆိုတဲ့ သန္ဓေဆောင်ခြင်းမှာ အခက်အခဲ ဖြစ်တဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကိုဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ဆရာဝန်သွားပြပြီး သွေးစစ်ကြည့်လိုက်ပါ။

လည်ပင်းမှာ အမည်းရောင် အရေးအကြောင်းများပေါ်လာခြင်း

သင့်လည်ပင်းမှာ ဂျီးတွေရှိနေသလိုမျိုးအမည်းရောင် အရေးအကြောင်းတွေ ပေါ်နေပြီးဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောတဲ့အခါမှာလည်း ပျောက်ကွယ်သွားခြင်းမရှိရင်တော့ သင့်မှာ ဆီးချိုသွေးချို ဖြစ်နိုင်ချေ များနေပါပြီ။ Acanthosis Nigricans လို့ လူသိများတဲ့ ထိုရောဂါဟာ အ၀လွန်ခြင်းနဲ့ သကြားဓါတ်မှီဝဲမှု လွန်ကဲ ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းရမယ့်နည်းလမ်းကတော့ ဆရာဝန်သွားပြပြီး သကြားမှီဝဲမှု ပမာဏ ကိုတိုင်းတာကြည့်လိုက်ပါ ။ ပြီးရင်တော့ ကံကောင်းထောက်မစွာနဲ့ပဲ သင့်မှာ ဆီးချိုသွေးချို မဖြစ်သေးဘူးဆိုရင်တော့ သင်ဟာ သကြားပမာဏ နည်းပါးတဲ့ အစားအစာတွေ ၊ ကာဗွန်ဟိုက်ဒရိတ် နည်းပါးတဲ့ အစားအစာ တွေ ကို စားသုံးပြီး ၀ိတ်ချခြင်းနဲ့ ဖြစ်လာနိုင်မယ့် ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Ref: Daily Mail

No comments:

Post a Comment