Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 28, 2015

သဘာဝအတိုင်း မျက်ခုံးမွေးထူထူလေးတွေဖြစ်ဖို့

မျက်ခုံးမွေးပါးနေရင် အသက်ကြီး သယောင်၊ မပေါ်လွင်သယောင် ဖြစ်တတ်လို့ နက်မှောင်ထူထဲတဲ့ မျက်ခုံးမွေးတွေကို ပိုင်ဆိုင်လိုသူ များပါတယ်။ မျက်ခုံးမွေးနုတ် လွန်းတာ၊ ပုံဖော်လွန်းတာ၊ ဖယောင်းသွင်းတာတွေကြောင့် လူအတော်များများဟာ မျက်ခုံး မွေးပါးပါးလေးတွေဖြစ်ကုန်တတ် ပါတယ်။ ဒါကြောင့်မို့ မျက်ခုံးမွေး ပြန်စိုက်စရာမလိုဘဲ သဘာဝ ပစ္စည်းတွေနဲ့ မျက်ခုံးထူထူလေး ပြန်ဖြစ်အောင်လုပ်နိုင်ဖို့ အကြံပြု လိုက်ပါတယ်။
    ကြက်ဆူဆီ၊ အုန်းဆီ၊ သံ လွင်ဆီတွေဟာ မျက်ခုံးမွေးသန် စွမ်းဖို့အတွက် ထောက်ကူပြုနိုင် ပါတယ်။ ကိုယ်ကြိုက်နှစ်သက် ရာဆီကို မျက်ခုံးမွေးပေါ်သုတ် လိမ်းပြီး ညင်သာစွာနှိပ်ကာ နာရီ ဝက်လောက်ထားပြီး ရေနွေးနွေး လေးနဲ့ ဆေးကြောပေးရပါမယ်။ နေ့စဉ်လုပ်ပေးမယ်ဆိုရင် ထူးခြား တဲ့ အပြောင်းအလဲတွေမြင်တွေ့ ရမှာဖြစ်ပြီး တစ်ခုသတိထားရမှာ က ကြက်ဆူဆီကိုသုံးတဲ့အခါ ယားယံတာတို့၊ ပူလောင်တာတို့ ဖြစ်ရင် ဆက်မသုံးသင့်ပါဘူး။
    ကြက်သွန်နီကို ကြိတ်ခြေ အရည်ညှစ်ပြီး မျက်ခုံးမွေးပေါ် သုတ်လိမ်းနိုင်သလို ကြက်ဥအနှစ် နဲ့လည်း လုပ်ကြည့်နိုင်ပါသေး တယ်။ ကြက်ဥအနှစ်ကိုခေါက် မွှေပြီး ဂွမ်းသန့်သန့်နဲ့ မျက်ခုံးမွေး ကိုသုတ်လိမ်းပေးရမှာပါ။ ပဲနံ့သာ ကိုလည်း ရေစိမ်၊ အနှစ်ဖြစ် အောင် ထုထောင်းသံလွင်ဆီ(ဒါမှ မဟုတ်)အုန်းဆီနဲ့ရောပြီး ညအိပ် ရာဝင်ခါနီးလိမ်းပေးနိုင်ပါတယ်။
    ရှားဇောင်းလက်ပပ်တို့၊ သံ ပရိုသီးတို့နဲ့လည်းသုတ်နိုင်ပြီး သံ ပရိုသီးသုတ်လိမ်းထားပြီး နှစ်နာရီ အတွင်း နေရောင်နဲ့မထိအောင် နေရပါမယ်။ ဘာကြောင့်လဲဆို တော့ မျက်ခုံးမွေးအရောင်တွေ ဖျော့သွားနိုင်လို့ပါ။ နောက်ပြီး အိမ်မှာ နွားနို့အသင့်ရှိနေတယ်ဆို ရင်လည်း မျက်ခုံးမွေးကို နွားနို့နဲ့ သုတ်   ခြောက်တဲ့အထိထားပြီး ရေဆေးရပါမယ်။ နောက်ဆုံးတစ် ချက်ကတော့ ကျန်းမာရေး အတွက် လိုအပ်တဲ့ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အသားဓာတ် တွေရဖို့အတွက် ဟင်းသီးဟင်း ရွက်၊ အသားငါးမျှတစွာစားပေး ဖို့ပဲဖြစ်ပါတယ်။

7daydaily.com

No comments:

Post a Comment