Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 15, 2015

ရှေးဟောင်းစေတီတော် ပြုပြင်မွမ်းမံရာမှ ပုံသဏ္ဌာန်ထူးခြားသော ရုပ်ပွားတော်တွေ့ရှိ

သထုံ စက်တင်ဘာ ၁၃

မွန်ပြည်နယ် သထုံမြို့နယ် ဝင်းပကျေးရွာ တောင်တန်းပေါ်တွင် လွန်ခဲ့သော ရှေးနှစ်ပေါင်း ၁ဝဝ ဝန်းကျင်ခန့် က တည်ထားခဲ့သည့် စေတီတော်အား ထိန်းသိမ်းပြုပြင်စဉ် စေတီတော် အထက်ပိုင်းမှ ပုံသဏ္ဌာန်ထူးခြားသော ရွှေချထားသည့် ရှေးဟောင်းရုပ်ပွား တော်တစ်ဆူကို စက်တင်ဘာလ ၁၂ ရက်က တွေ့ရှိခဲ့ရကြောင်း သိရသည်။

 '' လွန်ခဲ့သော နှစ်ရက်လောက်ကစပြီး ဒီစေတီကို ပြုပြင်နေတာ ဒီနေ့မှာ တော့ ထီးတော်အရင်းပိုင်း၊ ငှက်ပျော ဖူးထိပ်ပိုင်းမှာရှိတဲ့ အညစ်အကြေး တွေကို သန့်ရှင်းရေးလုပ်နေတုန်း အင်္ဂတေကွာပြီးတော့ ပေါ်လာတာပါ။ ရှေးဟောင်း ရုပ်ပွားတော်ဆိုတာ လောက်ပဲသိပါတယ်။ ဗုဒ္ဓ သို့မဟုတ် ရဟန္တာရုပ်ပွားတော် ဖြစ်မယ်လို့ ထင်ပါတယ်။ တွေ့နေ မြင်နေကျ ပုံသဏ္ဌာန်မဟုတ်ဘဲ ကွဲပြားနေတာ ပါ'' ဟု ဝင်းပကျေးရွာမှ ကိုကျော်ဇင်က စက်တင်ဘာ ၁၂ ရက်က ပြောသည်။

 ရုပ်ပွားတော်တွေ့ရှိခဲ့သည့် ရွှေစကြာ စေတီတော်မှာ ဝင်းပတောင်ထိပ်တွင် တည်ရှိပြီး ဝင်းပကျောင်းတိုက် ဆရာ တော်များ အဆက်ဆက်ထိန်းသိမ်း ပြုပြင်ခဲ့ရာ ယခုနှစ်တွင် ကျောင်းထိုင် ဆရာတော် ဦးပညာ ဦးဆောင်မှုဖြင့် ဒေသခံများ စုပေါင်းပြုပြင်နေစဉ် ပလ္လင်တော်အပါအဝင်အမြင့် ခြောက် လက်မခန့်ရှိ ရွှေချထားသော ရှေး ဟောင်းရုပ်ပွားတော်အား တွေ့ရှိခဲ့ရ ခြင်းဖြစ်ပြီး အဆိုပါရုပ်ပွားတော်နှင့် ပတ်သက်သည်တို့ကို သိရှိနိုင်ရေး အတွက် ကျွမ်းကျင်သူများအားရှာဖွေ အကူအညီတောင်းခံသွားမည် ဖြစ် ကြောင်း သိရသည်။

သက်ဦး(သထုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

No comments:

Post a Comment