Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 28, 2015

ဖုန်းသုံးရင်း ဓားစာခံမဖြစ်စေရန် သတိပြု (သို့) ၁ရက်ကို ကန်ဒေါ်လာ ၃သိန်းရှာနေတဲ့ အကျပ်ကိုင်ညွှန်ကြားချက်တစ်ရပ်အကြောင်း

သင်ဟာ သင်ကိုယ်ပိုင်ဖုန်း အသုံးပြုနေလျှက်နဲ့ပဲ ဓားစာခံဖြစ်သွားနိုင်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ သင့်ကို ဥပဒေနဲ့ ညှိစွန်းအောင် လုပ်မှာပါ။ သီချင်းတစ်ပုဒ် အသစ်
ထွက်လို့ link တစ်ခုကို နှိပ်ကြည့်မိတာမျိုးကနေ အစပြုတာပါပဲ။ တစ်ခါက အမေရိကန်၊ Tennessee ပြည်နယ်က အသက်၁၂နှစ် အရွယ်ရှိ မိန်းကလေးတစ်ယောက်ဟာ သီချင်း
link တစ်ခုကို နှိပ်မိရာကနေ သီချင်းပွင့်လာရမယ့်အစား အနှောင့်အယှက် ဆော့ဖ်ဝဲလ်
တစ်ခုပွင့်လာပြီး ကလေးငယ်ညစ်ညမ်း ဗီဒီယိုတွေကို download လုပ်ပါတော့တယ်။

 ဖုန်းဟာလည်း lock ကျသွားပြီး ဒေါ်လာ ၅၀၀ မပေးဘူးဆိုရင် FBI ကို သတင်းပို့တိုင်တန်း
မယ်လို့ အကျပ်ကိုင်ပါတော့တယ်။ ဒါပေမဲ့ သူမကတော့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါ
တယ်။

ဒါကို Ransomware (အကျပ်ကိုင်ညွှန်ကြားချက်ပါ ဆော့ဖ်ဝဲလ်) လို့ခေါ်ပါတယ်။ သင်ပိုက်ဆံမပေးရင် သင့်ဒေတာတွေကို ဖျက်တဲ့ မူကွဲတွေလဲရှိပါတယ်။ ဒီ ransomeware တွေဟာ ဒေါ်လာ ၁၀၀ ကနေ ၆၀၀ အတွင်းတောင်းခံပြီး ရက်တစ်ရာအတွင်း ကန်ဒေါ်လာ သန်း ၃၀ နီးပါးရှာနေနိုင်ပါတယ်။ ဖုန်းအသုံးပြုသူ သန်း ၆၀မှာ ၄သန်းလောက်က ဒီအကျပ်ကိုင်မှုမျိုးကို ခံရတယ်လို့ သိရပါတယ်။ ဒါကြောင့် App ဒေါင်းမယ်ဆိုရင် Google Play Store နဲ့ Apple App Store ကလွဲရင် ဘယ်ဟာမှ စိတ်မချရပါဘူး။

Credit : Trend Myanmar

No comments:

Post a Comment