Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 15, 2015

မျက်စိသုံးလုံးပါ ရှားပါးနွားပေါက် တစ်ကောင် အိန္ဒိယနိုင်ငံတွင် မွေးဖွား


တမီးလ်နာဒူ ၊ ၁၈-၉-၂၀၁၄

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူ ပြည်နယ် အတွင်းရှိ ကိုလာသာ ကျေးရွာ တွင် မျက်စိသုံးလုံး ပါရှိသည့် ရှားပါး နွားပေါက် တစ်ကောင် မွေးဖွား ခဲ့ကြောင်း သိရသည်။

အဆိုပါ နွားပေါက်သည် သာမန် နွားပေါက်များနှင့် မတူဘဲ နဖူး တည့်တည့်တွင်မျက်စိတစ်လုံး အပိုပါရှိ၍ မွေးဖွား ခဲ့ခြင်း ဖြစ်သည်။ ထူးဆန်းစွာ မွေးဖွားလာသည့် အဆိုပါ နွားပေါက်ကို ဒေသခံများက မျက်စိ သုံးလုံး ပါသည့် Shiva နတ်ဘုရား ဝင်စားသည်ဟု ယုံကြည်ထားကြကြောင်း သိရသည်။

မျက်စိသုံးလုံးပါ နွားပေါက်လေး မွေးဖွား ခဲ့ခြင်းသည် အလွန် အံ့အားသင့်ဖွယ် ကောင်းပြီး ကျေးရွာအတွက် ကံကောင်းခြင်း နိမိတ် လက္ခဏာ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ နွားပေါက် ကလေးကို တိုင်တည်၍ ဆုတောင်းပါက မိမိတို့၏ ဆုတောင်းများ ပြည့်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် မိမိတို့ ဒေသခံများ အနေဖြင့် အဆိုပါ နွားပေါက်ကို နတ်ဘုရား တစ်ပါးကဲ့သို့ သဘောထား၍ ဂါရ၀ပြု ဆုတောင်းမှုများ ပြုလုပ် နေကြောင်း ၊ အနီးအနားရှိ ကျေးရွာများမှ ဒေသခံ များကလည်း အဆိုပါ နွားပေါက်ကို လာရောက် ဂါရ၀ပြု ဆုတောင်း ကြကြောင်း နွားပေါက် ပိုင်ရှင်ဖြစ်သူ ရာဂျက် က ပြောကြားသည်။

မျက်စိသုံးလုံး ပါရှိသည့် Shiva နတ်ဘုရားသည် ဟိန္ဒူ ဘာသာဝင်များ အပေါ် လွှမ်းမိုးမှု အရှိဆုံး နတ်ဘုရားများ အနက် တစ်ပါး အပါအ၀င် ဖြစ်ပြီး Shiva နတ်ဘုရား ဒေါသထွက်၍ ၄င်း၏ တတိယ မျက်လုံးဖြင့် အရာဝတ္ထု များကို ကြည့်ရှုပါက ၄င်း အရာဝတ္ထု များမှာ မီးလောင်ကျွမ်း၍ ပြာမှုန့်များ ဖြစ်သွားသည် အထိ အစွမ်းရှိကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/09/blog-post_6.html

No comments:

Post a Comment