Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 15, 2015

ကော်ဖီသာက်ပြီးရင် ဘာကြောင့် အိမ်သာ တက်ချင်လာရတာလည်း




ကျွန်ုပ်တို့ အများစုဟာ မနက်ပိုင်း မှာ အိပ်ယာထ တဲ့အခါ လန်းဆန်းပြီး မျက်လုံးတွေကြည်လင်စေဖို့ ကော်ဖီသောက်ကြပါတယ်။

ဒါ့အပြင် ကော်ဖီဟာ ကျွန်ုပ်တို့ကို စိတ်ပိုင်းဆိုင်ရာ အရ လှုံ့ဆော်မှုပြုလုပ်ထားတယ်လို့ ခံစားစေခဲ့ပါတယ်။ ကော်ဖီဟာ ကျွန်ုပ်တို့ ရဲ့ အစာအိမ်အတွင်းမှာ ရှိတဲ့ အက်ဆစ် ပမာဏ ကိုလည်း လှုံ့ဆော်ပေးနေပါတယ်။ အဲဒီကနေမှတဆင့် ကော်ဖီဟာ ကျွန်ုပ်တို့ရဲ့ အူလမ်းကြောင်းအတွင်းမှာ တုံ့ပြန်မှု တစ်ခုကို ဖန်တီးလိုက်တဲ့အတွက် ကျွန်ုပ်တို့ဟာ ကော်ဖီသောက်ပြီးချိန်မှာ အိမ်သာ တက်ဖို့ လိုအပ်ရတာပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ သိပ္ပံပညာရှင်တွေတွေးခဲ့ကြတာက ကဖိန်း ဓါတ်ဟာ အဓိက သက်ရောက်မှု ဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမယ့်လည်း ကဖိန်းဓါတ်နည်းလွန်းတဲ့ ကော်ဖီတွေမှာလည်း အလားတူ သက်ရောက်မှု မျိုးရှိနေတဲ့အတွက် သိပ္ပံပညာရှင်တွေက အထပ်ထပ် လေ့လာခဲ့ရာမှာ တရားခံကတော့ ကော်ဖီမှာပါဝင်တဲ့ ဓါတုဗေဒ တစ်မျိုးပဲ ဖြစ်နေပါတော့တယ်။

အမေရိကန် ဓါတုဗေဒဆိုင်ရာ လူ့အဖွဲ့အစည်းက ရှင်းပြခဲ့တာကတော့ ဒါဟာ ကော်ဖီမှာပါတဲ့ Acidic တွေက လူတစ်ချို့ရဲ့ အစာအိမ်မှာ သက်ရောက်မှု ဖြစ်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်တဲ့။ ထို Acidic တွေဟာ အစာအိမ် ကို Gastric အက်ဆစ် ပမာဏ မြင့်မားလာအောင် လုပ်ဆောင်ပေးပြီး ခန္ဓာကိုယ်မှာလည်း ပရိုတင်းတွေကို လျော့ကျသွားစေပါတယ်။

ဒါ့အပြင် ကော်ဖီမှာ Chlorogenic အက်ဆစ် ဆိုတဲ့ ဒြပ်ပေါင်းတစ်ခုလည်းပါဝင်ပြီး ၄င်းက အစာအိမ်အတွင်းက အက်ဆစ် ပမာဏ ကို များပြားစေနိုင်တယ်လို့လည်း သိရပါတယ်။ အမှန်တစ်ကယ်တော့ ကော်ဖီမှာ မတူညီတဲ့ ဒြပ်ပေါင်းတွေ အမျိုးအစား ၁၀၀၀ ကျော်ပါဝင်ပြီး တစ်ခုစီတိုင်းဟာ အစာကြေပြီး အညစ်အကြေးစွန့်ချင်တဲ့ အနေအထားရောက်အောင် ဖန်တီးပေးနိုင်စွမ်းတွေရှိကြပါတယ်။

ကော်ဖီဟာ အစာအိမ်အတွင်းမှာ အစာချေဖျက်ခြင်း လုပ်ဆောင်ချက်ကို လုပ်ဆောင်နေတဲ့ Gastrin နဲ့ Cholecystokinin ဆိုတဲ့ ဟော်မုန်းတွေ ထုတ်လုပ်မှု ကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

 

No comments:

Post a Comment