Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 15, 2015

လုပ်ငန်းခွင်ပင်ပန်းနွမ်းနယ်မှုကြောင့် ဦးနှောက်စွမ်းရည် ဆိုးရွားစွာကျဆင်းနိုင်

 သြဂုတ် (၃) ကျန်းမာရေး

 နေ့ စဉ် အလုပ်ချိန်ကြာမြင့်ခြင်း၊ လုပ်ငန်းတွင်း ဖိအားများခြင်း၊ ကြိုးပမ်းသမျှအတွက် ထူးထူးခြားခြား ချီးမွမ်းမခံရ သော်လည်း မှားယွင်းမှု တစ်စုံတရာရှိလျှင်မူ စိတ်ထိခိုက်အောင် အပြောဆို ခံရခြင်းများကို ရေရှည်ခံစားရသူများတွင် ဦးနှောက်စွမ်းရည် ဆိုးရွားစွာ ကျဆင်းနိုင်ပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်း၊ အလုပ်ကိုခုံမင်နှစ်သက်မှု နည်းပါးသွားခြင်း၊ မိမိလုပ်သမျှ မထိရောက်ဟုခံစားရခြင်း အစရှိသော အကျိုးဆက်များကို ခံစားရနိုင်ကြောင်း ဆွီဒင်နိုင်ငံ၊ ကာရိုလင်စကာနည်း ပညာတက္ကသိုလ်မှ သုတေသီများက ပြောသည်။

ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှုက ဦးနှောက်ထဲက အာရုံကြောစီးကြောင်းတွေကို ပြောင်းလဲစေပါတယ်။ အဲဒါက ဖိအားများတဲ့အခြေအနေတစ်ခုမှာ အရည်အချင်းတွေအားလုံး ပျောက်သွားသလိုကို ခံစားရစေနိုင်ပါတယ်။ ဖိအား များလို့  စွမ်းရည်ကျသွားပြီး စွမ်းရည်ကျသွားလို့  ဖိအားပိုများလာတဲ့ သံသရာလည်သွားမှာဖြစ်လို့  အရမ်းပင်ပန်း နွမ်းနယ်အောင် ရေကုန်ရေခမ်း အလုပ်လုပ်ပြီးရင် ကိုယ့်ကိုကိုယ် အနားပေးဖို့  လိုအပ်ပါတယ်ဟု သုတေသီတစ်ဦး က ရှင်းပြသည်။

တစ်ပတ်ကို နာရီ ၆၀ ကနေ ၇၀ အထိ နှစ်နဲ့ ချီ အလုပ်လုပ်လာတဲ့လူတွေကို စမ်းသပ်ကြည့်တဲ့အခါမှာ သာမန်လူ တွေနဲ့  ကွာခြားနေတာကို တွေ့ ရပါတယ်။ အထူးသဖြင့် ခံစားမှုပိုင်းမှာပါ။ သာမန်လူတွေဟာ သားငယ်လေးရဲ့  ကျောင်းကကိစ္စကို အရေးတယူနားထောင်၊နားလည်၊ခံစား၊တုန့် ပြန် နိုင်ပေမယ့် အလုပ်ဖိအားများသူတွေဟာ ကလေးကို အရေးတယူနားမထောင်ချင်ကြပါဘူး။ နားထောင်ရင်လည်း နားမလည်ပါဘူး။ အသံပဲကြားပြီး စကားလုံး ကို နားမလည်တော့တာပါ။ နားလည်တယ်ထားဦး၊ မခံစားနိုင်ကြပါဘူး။ အလုပ်ရှိသေးတယ်လေ။ ဒီတော့ တုန့် ပြန်မှု လည်း မရှိဘူးပေါ့ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

မိမိသား၊သမီးတို့ နှင့် ဆက်ဆံရေးအဆင်မပြေခြင်းသည် အလုပ်ဖိအားများသူတို့ ကြုံတွေ့ ရလေ့ရှိသော အဆင်မပြေ မှုများအနက် သေးငယ်သောဥပမာတစ်ခုသာဖြစ်ကြောင်း၊ အာရုံစူးစိုက်နိုင်မှုတွင်လည်း သိသာစွာ လျော့နည်း ကြောင်း၊ ထို့ အပြင် သေးသေးမွှားမွှားကိစ္စကအစ ၄င်းတို့ ကို စိတ်အနှောက်အယှက်ပေးနိုင်ကြောင်း၊ တစ်နည်းအား ဖြင့် အတွင်းအပြင်အာရုံစိုက်မှုညံ့ဖျင်းကာ အပြင်အတွင်းအာရုံစိုက်မှုအားကောင်းနေခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

ထို့ အပြင် စိတ်ကျရောဂါကို ခံစားရလာနိုင်ပြီး မိမိတွင် လောကကိုရင်ဆိုင်ရန် ခွန်အားမကျန်ရှိတော့သလိုပင် ခံစား ရလာနိုင်သဖြင့် အလုပ်ဖိအားများသူတို့ သည် အလုပ်၊ဘ၀နှင့်နားချိန်တို့ ကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်ရန်မှာ အရေးကြီးလှကြောင်း သိရသည်။

သမန်းကျား၊ ရတနာပုံနေ့ စဉ်
Lashio News Diary
https://www.facebook.com/lashio.news.city

No comments:

Post a Comment