Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 15, 2015

Fried Food တွေကို ပုံမှန်စားသုံးခြင်းဟာ နှလုံးရောဂါ ဖြစ်ဖို့ အခွင့်အလမ်း များစေနိုင်

Fried Food တွေနဲ့ သကြားပါဝင်မှု များတဲ့ ဖျော်ရည်တွေ စားသုံးခြင်းဟာ နှလုံးရောဂါ ဖြစ်ဖို့အတွက် အခွင့်အလမ်း ၂ ဆ များစေနိုင်တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာက Fried Food တွေ ၊ ကြက်ဥတွေ ၊ ဟမ်ဘာဂါမှာအသုံးပြုတဲ့ အမဲသားပြား နဲ့ ကြက်သားပြားတွေ ၊ သကြားပါဝင်မှု များပြားတဲ့ ဖျော်ရည်တွေ ကို ပုံမှန်စားသုံးသူတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားသုံးသူတွေထက် နှလုံး ရောဂါ ဖြစ်ပွားဖို့ ၅၆ ရာခိုင်နှုန်း အခွင့်အရေး ပိုများစေတယ် ဆိုတာပါပဲ။

ထို အစားအစာ တွေစားသုံးခြင်းကို "တောင်ပိုင်းစတိုင် အစားအစာ" လို့ ခေါ်ပြီး ထိုအစားအစာတွေဟာ နှလုံးရောဂါ ဖြစ်ဖို့ အခွင့်အလမ်းများစေသလို ၆ နှစ်အတွင်း နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါဖြစ်ပွားနိုင်စေပါတယ်။ ဒါကြောင့် Alabama ပြည်နယ် တက္ကသိုလ်မှာ ရှိတဲ့ သုတေသီ Dr James Shikany ကတော့ ထိုအစားအစာ ပုံမှန်စားသုံးသူတွေကို အခြား အစားအစာ တွေ ပြောင်းလဲ စားသုံး ကြည့်ဖို့ အကြံဥာဏ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ထို လေ့လာမှုမှာတော့ အသက် ၄၅ နှစ်နဲ့ အထက်ရှိတဲ့ လူဖြူ ၊ အာဖရိကန်-အမေရိကန် လူမည်း အမျိုသား နဲ့ အမျိုးသမီး တွေပါဝင်ခဲ့ပါတယ်။ ထို လေ့လာခံရသူတွေဟာ လေ့လာမှု အစမှာ နှလုံးရောဂါ မရှိကြပါဘူး။ သူတို့ဟာ တယ်လီဖုန်းကနေတစ်ဆင့် မေးခွန်းတွေမေးခဲ့သလို အိမ်တွင်းမှာလည်းရုပ်ပိုင်းဆိုင် စာမေးပွဲ သဘောမျိုး မေးခွန်းမေးမှု တွေလုပ်ခဲ့ပါသေးတယ်။

၂၀၀၃ ကနေ ထို လေ့လာမှု ကို စတင်ခဲ့ပြီး ၂၀၀၇ ရောက်သည်အထိ ၆ လ တစ်ကြိမ် သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဆေးရုံတက်ရသူတွေကိုလည်း ဆေးရုံတက်ရခြင်းအကြောင်းအရင်းတွေစုံစမ်းမေးမြန်းခဲ့ပါတယ်။ ဒါ့အပြင်သူတို့ရဲ့ စားသုံးပုံတွေအရ အဖွဲ့ ၅ ဖွဲ့ခွဲထားခဲ့ရပါတယ်။

တောင်ပိုင်းအစားအစာ စားသုံးသူတွေက တစ်ဖွဲ့ ၊ Pasta ၊ မက္ကဆီကန် အစားအစာ ၊ တရုတ်အစားတွေ စားသုံးသူကတစ်ဖွဲ့ ၊ ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံစားသုံးသူကတစ်ဖွဲ့ ၊ သကြားပါဝင်မှု များတဲ့ အချိုစာ တွေစားသုံးသူတွေက တစ်ဖွဲ့ ၊ ယမကာ နဲ့ အရွက် များသာ စားသုံးသူက တစ်ဖွဲ့ စသဖြင့် ခွဲခြားထားခဲ့ပါတယ်။ တောင်ပိုင်းအစားအစာ စားသုံးသူတွေကတော့ အခြားအဖွဲ့တွေအားလုံးထက်ပိုပြီး နှလုံးရောဂါ အဖြစ်များခဲ့တာကို သုတေသီတွေက တွေ့ရှိသွားခဲ့တာ ပဲ ဖြစ်ပါတယ်။

ထို သုတေသန ဟာ Circulation ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

No comments:

Post a Comment