အမ်း အောက်တိုဘာ ၂၁ ရခိုင်ပြည်နယ်၊အမ်းမြို့ မြောက်ဘက်အုပ်စု၊
အေးမြသာယာကျောင်း မြောက်အရပ်၌ ရှိသော အမှတ်(၂) တပ်မတော်ဆေးရုံ ကုတင် (၃၀၀)
တပ်နယ်မြေ အတွင်း ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်ရာတွင် တပ်ကြပ်ကြီး
ခင်မောင်ချို (ယာဉ်ပြင်) က တောင်ကမ်းပါးပြိုကျရာမှ ဘုရားရုပ်ပွားတော်အား
(၁၇.၁၀.၂၀၁၄)ရက် နေ့လည် (၂)နာရီ အချိန်က တွေ့ရှိခဲ့သည်။ရှေးဟောင်းဘုရားရုပ်ပွားတော်မှာ ရွှေသားအစစ်၊ ဉာဏ်တော်အမြင့်(၂)
လက်မ၊ အလေးချိန် (၂)ကျပ် (၅)ပဲ (၂)ရွေးသားနှင့် ဘုရားပုလ္လင်တွင် စိန်နှင့်တူသော ကျောက်(၁၅)လုံး ပါရှိပါသည်။
အဆိုပါ ရုပ်ပွားတော်ကို အေးမြသာယာကျောင်း ဓမ္မာရုံ၌ ပူဇော်ထားရှိရာ ဒေသခံများ လာရောက်ဖူးမြှော်ကြသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
No comments:
Post a Comment