Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 15, 2015

အစပ်များ စားခြင်းဟာ စောစော သေဖို့ အခွင့်အလမ်း နည်းစေ



နေ့စဉ် အစပ် အရသာ ရှိတဲ့ အစားအစာ တွေစားသုံးသူတွေဟာ စောစောသေဖို့ အခွင့်အလမ်း နည်းတယ်လို့ သုတေသီတွေက ဆွေးနွေးထားပါတယ်။

သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြတာကတော့ အစပ်ပါတဲ့ အစားအစာတွေဟာ ကင်ဆာ ၊ နှလုံးရောဂါ နဲ့ အသက် ရှုခြင်းဆိုင်ရာ ပြသနာ တွေကြောင့် သေနိုင်ခြင်းကို လျှော့ချပေးနိုင်တယ်ဆိုတာပါပဲ။

အသက် အရွယ် အလယ်အလတ် ရှိတဲ့ လူဦးရေ ၅၀၀,၀၀၀ ယောက်ခန့်ကို လေ့လာခဲ့ရာမှာတော့ နေ့စဉ် (သို့) ၂ ရက်ကို တစ်ခါ အစပ်ပါတဲ့ အစားအစာတွေစားသုံးသူတွေဟာ အစပ်မစားတဲ့ သူတွေထက် ပိုပြီး သတ်မှတ်ချိန်ထက် စောစွာ သေနိုင်ချေနည်းတယ်ဆိုတာကို ထိုလေ့လာမှုက ပြသလိုက်ပါတယ်။

ငရုတ်သီးတွေမှာပါတဲ့ Capsaicin ဆိုတဲ့ ဓါတုဗေဒ တစ်မျိုးဟာ - အ၀လွန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အန်တီ အောက်ဆီးဒန့်စ်ဖြစ်စေခြင်းနဲ့ ကင်ဆာရောဂါတို့ကို တိုက်ခိုက်နိုင်ခြင်းစတဲ့ အစွမ်းသတ္တိတွေရှိနေပါတယ်။

ဗြိတိန်ဆေးဝါးဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ထို သုတေသနဟာ တရုတ်လူဦးရေ ၅ သိန်းခန့်ကို အခြေခံပြီးလေ့လာထားတာပဲ ဖြစ်ပါတယ်။ ထို တရုတ်လူမျိုးတွေရဲ့ အသက်အရွယ်ကတော့ အသက် ၃၀ ကနေ ၇၉ နှစ်ကြားမှာ ရှိနေပါတယ်။ သူတို့ဟာ ထို တရုတ်လူမျိုး တစ်ယောက်ချင်းစီကို ၇ နှစ်အကြာမှာ သူတို့ ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ၊ စားသုံးတဲ့ အစားအစာတွေအကြောင်းထပ်မံ မေးမြန်းကြည့်ခဲ့ပါတယ်။ ထိုအချိန်မှာ သူတို့ထဲက ၂၀၂၂၄ ယောက်ကတော့ သေဆုံးသွားကြပြီဖြစ်ပါတယ်။

အောက်စ်ဖို့ တက္ကသိုလ်က သုတေသီတွေ ၊ ဟားဗတ်ဒ် ပြည်သူ့ ကျန်းမာရေးကျောင်းက သုတေသီတွေနဲ့ ၊ တရုတ်နိုင်ငံက ဆေးပညာ သိပ္ပံ အကယ်ဒမီ ကျောင်းက သုတေသီများအားလုံးက ၊ တစ်နေ့ကို တစ်ကြိမ် (သို့ ) ၂ ရက်ကို တစ်ကြိမ် အစပ်စားသုံးခဲ့သူတွေဟာ တစ်ပတ်ကို တစ်ကြိမ်ခန့်သာ အစပ်စားသုံးသူတွေထက် ၁၄ ရာခိုင်နှုန်း စောပြီး သေနိုင်ချေနည်းတယ်ဆိုတာကို တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

No comments:

Post a Comment