Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 15, 2015

အင်တာနက်အသုံးပြုချိန်များခြင်းဟာ ဖျားနာခြင်း ကို ဖြစ်စေဖို့ အခွင့်အလမ်းများနေ

အွန်လိုင်းအသုံးပြုရင်းနဲ့ အချိန်များစွာ ကုန်ဆုံးစေခြင်းဟာ သင့်ကို အအေးမိခြင်း (သို့) ဖျားနာခြင်း တစ်ခုခုဖြစ်ဖို့ အခွင့်အလမ်းများစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။

အင်တာနက်ကို စွဲလန်းမှု ပမာဏ မြင့်မားနေတဲ့သူတွေဟာ အွန်လိုင်းမှာ အချိန်းအနည်းငယ်သာ ကုန်ဆုံးတတ်သူတွေထက် ဖျားနာဖို့ အခွင့်အလမ်းပိုများတာကို သိပ္ပံပညာရှင်တွေက တွေ့ခဲ့ကြတာပဲ ဖြစ်ပါတယ်။ Swansea နဲ့ Milan မြို့တို့မှာ ရှိတဲ့ သုတေသီတွေဟာ အင်တာနက် ကို စွဲလန်းခြင်းဟာ ဘာကြောင့် ဖျားနာဖို့ အခွင့်အလမ်းများစေတာလဲဆိုတာကို လေ့လာကြည့်တဲ့အခါမှာတော့ အဖြေ က ခုခံအားစနစ်ကို အားနည်းစေတာပဲ ဖြစ်နေတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ လေ့လာမှု တွေအရ တွေ့ရှိခဲ့ဖူးတာတွေကလည်း အွန်လိုင်းမှာ အချိန်ကြာကြာနေတတ်သူတွေဟာ အိပ်ရေးမ၀ခြင်း ၊ အစားအသောက် ပျက်နေခြင်း ၊ လေ့ကျင့်ခန်းပြုလုပ်မှု လျော့နည်းလာခြင်း တို့အပြင် ဆေးလိပ်နဲ့ အရက်တွေကိုလည်း ပိုမိုသောက်ဖြစ်တတ်ကြတယ်ဆိုတာကို အကြိမ်ကြိမ် ဖော်ပြခဲ့ ပါတယ်။

ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း သုတေသီတွေက အသက် ၁၈ ကနေ ၁၀၁ နှစ်ကြားရှိကြတဲ့ လူပုဂ္ဂိုလ် ၅၀၀ ကို စမ်းသပ်စစ်ဆေးကြည့်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ အင်တာနက် ကို စွဲလန်းနှစ်သက်စွာ သုံးစွဲသူတွေဟာ အွန်လိုင်းသိပ်မသုံးသူတွေထက် ဖျားနာခြင်း အအေးမိခြင်း တွေပိုမို ဖြစ်တတ်တာကို တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီလို အင်တာနက် စွဲလန်းမှု နှုန်းမြင့်မားသူတွေဟာ အင်တာနက် မသုံးသူတွေထက် ဖျားနာခြင်း အအေးမိခြင်းတွေကို ခံစားရဖို့ ၃၀ ရာခိုင်နှုန်း ပိုမို သေချာနေပါတယ်။ ဒါဟာ ယောကျာင်္း နဲ့ မိန်းမ ကွာခြားမှု လည်း မရှိပါဘူး။

ဒါ့အပြင် သုတေသီတွေတွေ့ရှိခဲ့တာကတော့ ထိုကဲ့သို့ အင်တာနက် ကို စွဲလန်းစွာ အသုံးပြုတတ်သူတွေဟာ သူတို့ နဲ့ အင်တာနက်နဲ့ ချိတ်ဆက်မှု မရှိတော့တဲ့အခါမှာ စိတ်ဖိစီးမှု ကြီးစွာ ဖြစ်ပေါ်လာပါတယ်တဲ့။ အဲဒီလို စိတ်ဖိစီးမှုတွေနဲ့ ပုံမှန်မဟုတ်တဲ့ အိပ်ချိန် ၊ စားချိန် ၊ လေ့ကျင့်ခန်းမလုပ်ဖြစ်မှု တွေဟာ Cortisol ဆိုတဲ့ ဟော်မုန်း ပမာဏ ကို ပြောင်းလဲသွားစေပါတယ်။ ထို Cortisol ဟော်မုန်းရဲ့ ပြောင်းလဲမှုတွေဟာ ခုခံအား စနစ်ကို ကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေခဲ့တာပဲ ဖြစ်တယ်လို့ Swansea တက္ကသိုလ် က သုတေသီ ပရော်ဖက်ဆာ Phil Read က ဆိုပါတယ်။

ဒါ့အပြင် သုတေသီအဖွဲ့က သတ်မှတ်လိုက်တဲ့ ပျမ်းမျှ အင်တာနက် သုံးစွဲနှုန်းဟာ တစ်နေ့ကို ၆ နာရီပဲ ဖြစ်ပါတယ်။ ထို သတ်မှတ်ချက်ထက်ပိုပြီး အင်တာနက် သုံးစွဲမယ်ဆိုရင်တော့ ခုခံအားစနစ်ကို သက်ရောက်မှု ဖြစ်လာစေမှာပါ။ သတ်မှတ်ချက်ထက်ကျော်လွန်ပြီး အင်တာနက်သုံးလေ့ရှိသူတွေဟာ တစ်နေ့ကို ၁၀ နာရီ ကျော် ခန့် သုံးလေ့ရှိကြပြီး ထိုကဲ့သို့ အလွန်အမင်းအင်တာနက် သုံးစွဲရတဲ့ အကြောင်းအရင်းကလည်း လူမှုကွန်ရက်တွေကြောင့်ပဲ ဖြစ်နေတာကိုတွေ့ရပါတယ်။

( Mario )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : Dailymail

No comments:

Post a Comment