Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 15, 2015

တိကျတဲ့ အဖြေ မရှိသေးတဲ့ ၀ိတ်ချခြင်း နဲ့ ကယ်လိုရီ ပြသနာ



ဝိတ်ချဖို့ အတွက် လုပ်ဆောင်ရမယ့် အလုပ်တွေ အဖြစ် ကျွန်တော်တို့ သိထားခဲ့တာက ကယ်လိုရီ ပမာဏ လျော့ချဖို့ နဲ့ လေ့ကျင့်ခန်း များများ လုပ်ဖို့ပါ။ အခုချိန်မှာတော့ ဂဏန်းပေါင်းစပ် အသစ်တစ်ခုက လူတစ်ယောက်အတွက် သတ်မှတ် ကိုယ်အလေးချိန်ကို ရောက်နိုင်ဖို့ အတွက် ကယ်လိုရီ ဘယ်လောက်လို အပ်တယ်ဆိုတာကို ပြသလိုက်ပါတယ်။

အမျိုးသား ကျန်းမာရေးဌာန က ဖန်တီးလိုက်တဲ့ Body Weight Planner ဟာ လ တွေကို လက်ရှိ ကိုယ်အလေးချိန် ၊ အသက် ၊ ယောကျာင်္း/မိန်းမ ၊ အရပ် နဲ့ လေ့ကျင့်ခန်း ပမာဏ တို့ကို ထည့်သွင်းဖို့ အရင်ဆုံး မေးမြန်းပါလိမ့်မယ်။ ပြီးရင်တော့ လက်ရှိ အနေအထားကနေ သင်မျှော်လင့်ထားတဲ့ သတ်မှတ် ကိုယ်အလေးချိန်ကို ရရှိနိုင်ဖို့ သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်း တစ်နေ့ကို ကယ်လိုရီ ဘယ်လောက်စားသုံးသင့်တယ်ဆိုတာကို ပါ တွက်ချက်ပေးပါလိမ့်မယ်။

ဥပမာ အားဖြင့် လူတစ်ယောက်ဟာ တစ်နှစ်အတွင်းမှာ ၁ စတုန်း ကိုယ်အလေးချိန်လျော့ကျချင်တယ်ဆိုရင် ၊ ၁ စတုန်းကို ၁ နှစ်အတွင်း လျော့ကျစေဖို့ တစ်နေ့ကို ကယ်လိုရီ ဘယ်လောက်စားသုံးသင့်တယ်ဆိုတာမျိုးပါ။ ဒါ့အပြင် ထို စက်မှာပါဝင်တဲ့ SuperTracker ဆိုတဲ့ စနစ်ဟာ သင်နေ့စဉ်စားသုံးမယ့် အစားအစာ အမည်တွေကို ထည့်သွင်းလိုက်ခြင်းဖြင့် စုစုပေါင်း ကယ်လီရီ ပမာဏ ၊ ပရိုတင်း ၊ နို့ထွက်ပစ္စည်း ၊ ဗီတာမင် နဲ့ အဆီ ပါဝင်မှု ပမာဏ တွေကိုပါ တွက်ချက်ဖော်ပြပေးမှာဖြစ်ပါတယ်။

ထို စက်ကို အသုံးပြုပြီး ပျမ်းမျှအားဖြင့် တွက်ချက်ကြည့်လိုက်တဲ့အခါမှာ ၁ နှစ်အတွင်း အဆီ ၁ ပေါင် အထိ လောင်ကျွမ်းကာ လျော့ကျစေနိုင်ဖို့အတွက် တစ်နေ့ကို ကယ်လိုရီ ပမာဏ ၇၀၀၀ အထိ စားသုံးသင့်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အားလုံး အရင် လေ့လာမှု တွေအရ သိခဲ့ရတာကတော့ တစ်နေ့ကို ကယ်လိုရီ ၃၅၀၀ စားသုံးခြင်းဟာ ကိုယ်အလေးချိန် လျော့ကျစေနိုင်ဆိုတာပါ။

ထို နည်းလမ်းအတိုင်း ကိုယ်အလေးချိန်လျှော့ချခဲ့သူ အများစု ဟာ ၁၂ လ ခန့် အကြာ မှာ ​၁ ပေါင်စီ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကိုယ်အလေးချိန်လျှော့ချခြင်းမှာ ကျွမ်းကျင်သူ ဆရာဝန် အချို့ကတော့ တစ်နေ့ကို ကယ်လိုရီ ၇၅၀၀ ဟာ များနေသေးတယ်လို့ဆိုပါတယ်။ သူတို့ ဆက်လက်ယုံကြည်နေကြတာက တစ်နေ့ကို ကယ်လီရီ ၃၅၀၀ ပဲစားသုံးဖို့ပါ။ သူတို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကတော့ တစ်နေ့ကို ၃၅၀၀ ထက်ပိုပြီး ကယ်လိုရီ ၅၀၀ လောက်စားသုံးမိခဲ့ရင် တစ်နှစ်ကို ၁ စတုန်း ကိုယ်အလေးချိန်တိုးစေတယ်လို့ ဆိုပါတယ်။

လူတစ်ယောက်ဟာ ကိုယ်အလေးချိန် လျော့ကျသွားတဲ့အခါမှာ စွမ်းအင်လိုအပ်နေတဲ့ ဆဲလ်တွေကို ဆုံးရှုံးလိုက်ရပါတယ်။ ဒါကြောင့် သူတို့ရဲ့ Metabolism လုပ်ဆောင်မှု တွေဟာ နှေးကွေးလာပါတယ်။ Metabolism ဟာ လူတစ်ယောက်ကို ဆာလောင်စေတဲ့ ၀မ်းတွင်းက တစ်သျှူးတွေကိုလည်း ထပ်မံနှေးကွေးစေနိုင်တဲ့အတွက် သင်ဟာ ပင်ပန်းမှု ဒဏ်တွေကိုခံနေရတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

No comments:

Post a Comment