Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 15, 2015

စင်ကာပူတွင် ဂြိုဟ်သား များနှင့် အသွင်တူသော ရေသတ္တဝါ တစ်ကောင် ဖမ်းမိ

စင်ကာပူနိုင်ငံမှ ငါးဖမ်းသမား တစ်ဦးသည် ဆန်တိုဆာ ကျွန်းဆွယ်၌ ငါးဖမ်းနေစဉ် ထူးခြားဆန်းကြယ် လှသည့် ဂြိုဟ်သားနှင့် အသွင်တူသော ရေသတ္တဝါ တစ်ကောင် ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါထူးဆန်းသည့် ရေသတ္တဝါသည် ရေလက်ဝါး၊ ရေဘဝဲနှင့် ဂြိုဟ်သား တို့၏ပုံစံနှင့် အနည်းငယ်စီ တူညီပြီး စမ်းလက်တံကဲ့သို့သော လက်တံပေါင်း ၁ဝဝ ကျော်ရှိ သည်ဟု သိရသည်။

မိမိ ငါးဖမ်းခဲ့သည့် သက်တမ်း တစ်လျှောက်တွင် သမုဒ္ဒရာအတွင်းမှ ထူးဆန်းသည့် သတ္တဝါအချို့ကို တွေ့မြင်ခဲ့ဖူးကြောင်း၊ သို့ရာတွင် ယခုကဲ့သို့သော ထူးဆန်းသည့် ရေသတ္တဝါမျိုးကို ပထမဆုံး အကြိမ်တွေ့ဖူးခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရေသတ္တဝါ၏ ပုံစံမှာ ဂြိုလ်သား တစ်ကောင် သို့မဟုတ် သန္ဓေ ပြောင်းသတ္တဝါ တစ်ကောင်နှင့် တူသည်ဟု မိမိအနေဖြင့် ထင်မြင်မိကြောင်း အဆိုပါ ရေသတ္တဝါကို ဖမ်းဆီးရမိခဲ့သူ အွန်ဟန်ဘွန်းက ပြောကြားသည်။

အဆိုပါ ရေသတ္တဝါသည် မည်သည့် ရေသတ္တဝါဖြစ်သည် ဆိုခြင်းကို သိရှိနိုင်ရန် အတွက် မိတ်ဆွေ အားလုံးကို မေးမြန်းခဲ့ကြောင်း၊ အင်တာနက် ပေါ်တွင်လည်း အဆိုပါ သတ္တဝါမှာ မည်သည့် သတ္တဝါ အမျိုးအစား ဖြစ်သည်ဆိုခြင်းကို ရှာဖွေခဲ့ ရကြောင်း၊ သို့ရာတွင် တစ်စုံတစ်ဦးကမျှ ဖြေဆိုနိုင်ခဲ့ခြင်း မရှိကြောင်း ဘွန်းက ပြောကြားသည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


No comments:

Post a Comment