ယခုလိုမိုးရာသီရောက်တဲ့အခါ မြွေမ အန္တရာယ်ကိုအထူးသတိပြုသင့်ပါတယ်။ မြို့လယ်ကောင်တိုက်ခန်းတွေမှာမြွေမသတ္တဝါ ကိုမြင်တွေ့ရခဲသော်လည်း သစ်ပင်၊လယ် မြေ၊ မြက်ချုံပေါများကာ ရေစပ်စပ်ရှိသော မြို့နယ်တွေမှာတော့ မြွေမကိုတွေ့ရတတ်ပါ တယ်။ မြန်မာပြည်ရှိအဆိပ်ပြင်းတဲ့မြွေမနှစ် မျိုးမှာ မြွေပွေးနှင့်မြွေမဟောက်တို့ဖြစ် ကြပြီး မြွေမပွေးအဆိပ်က လူ့ခန္ဓာကိုယ် သွေးခဲတဲ့စနစ်ကို ထိခိုက်ပျက်စီးစေတာ ကြောင့် မြွေမပွေးကိုက်ခံရပါက သွေးမ တိတ်ဘဲ ဦးနှောက်၊ အစာလမ်းကြောင်း တွေမှာ သွေးယိုစိမ့်ခြင်းအပြင် ဆီးထဲမှာ သွေးပါပြီး ကျောက်ကပ်ပျက်စီးတတ်ပါ တယ်။ မြွေမဟောက်အဆိပ်ကတော့ အာရုံ ကြောစနစ်ကိုထိခိုက်တာကြောင့် လူနာက မှိန်းလာပြီး အာရုံခံစားမှုမရှိတော့ဘဲ ထုံ ကျင်လာကာ နောက်ဆုံးမှာအာရုံကြော တွေပျက်စီး၍ ကြွက်သားလှုပ်ရှားမှုအား ပျော့ပြီး အသက်ရှူခြင်းနှင့်အဆုတ်ကို ထိ ခိုက်လာပါတယ်။
အမှန်တကယ်တော့ မြွေမတွေက လူ မြင်တိုင်း လိုက်ကိုက်တတ်ကြတာမဟုတ် ပါဘူး။ မလွှဲမရှောင်သာတဲ့အချိန်ကျမှ သာ (သူ့ကိုတစ်စုံတစ်ခုက အန္တရာယ်ပြု မယ်လို့ထင်တဲ့အခါမှာ သူ့ကိုယ်သူကာ ကွယ်သည့်အနေဖြင့်) လူကိုကိုက်ခြင်းသာ ဖြစ်ပါတယ်။ မြွေမအဆိပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကိုက်ခံရတဲ့နေရာမှာ နာကျင်မှုဖြစ်စေပါတယ်။မြွေမအစွယ်ကြောင့် ဒဏ်ရာအပေါက်မှ သွေးထွက်တတ်ပြီး တစ်ခါတလေအဆင်မသင့်ရင် ထိုဒဏ်ရာ ပေါက်မှတစ်ဆင့်မေးခိုင်ပိုးဝင်နိုင်ပါတယ်။ အကယ်၍ အဆိပ်ပြင်းတဲ့မြွေမအကိုက်ခံရ ပါက ဒဏ်ရာပတ်ဝန်းကျင်မှာငါးမိနစ် အတွင်း ပြင်းထန်စွာရောင်ရမ်းနာကျင်မှု ဖြစ်ကာ မီးလောင်ဒဏ်ရာကဲ့သို့ အရည် ကြည်ဖုများ ပေါ်ထွက်လာပါတယ်။ ဒါ့ အပြင် ကိုက်ခံရတဲ့နေရာတစ်ဝိုက် ကြွက် သားနဲ့အရေပြားတွေပျက်စီးပြီး နောက်ဆုံး မှာ ပုပ်သွားတဲ့အထိ ဆိုးရွားနိုင်တယ်။ ကိုက်လိုက်တဲ့မြွေရဲ့ အစွယ်အနက်၊ သူ ထုတ်လိုက်တဲ့အဆိပ်ပမာဏနဲ့ အကိုက် ခံရတဲ့နေရာပေါ်တည်ပြီး အဆိပ်ပျံ့တာ အနှေးအမြန်ကွာခြားပါတယ်။ ဥပမာ ဦးခေါင်းပိုင်း၊ မျက်နှာ၊ လည်ပင်းတို့ကို အကိုက်ခံရပါက နှလုံးသွေးပြန်ကြောနှင့် နီးစပ်တာကြောင့် အဆိပ်ပျံ့တာလည်း ပိုမြန်ဆန်ပါတယ်။
(၁) Monovalent နှင့် Polyvalent ဟူ၍ မြွေမဆိပ်ဖြေဆေးနှစ်မျိုးရှိပါတယ်။ Monovalent ကသတ်မှတ်ထားတဲ့ မြွေမ အမျိုးအစား တစ်မျိုးတည်းအတွက်သာ သုံးနိုင်ပြီး Polyvalent ကတော့ မြွေမ အမျိုးအစားတစ်မျိုးမကတဲ့ အဆိပ်များကို ပြေပျောက်စေပါတယ်။ ဒါကြောင့် သုံးရ မည့် မြွေမဆိပ်ဖြေဆေးဟာလည်း မတူကြ တာမို့မြွေမကိုက်ခံရရင်(ဖြစ်နိုင်ပါက) ကိုက် တဲ့မြွေမကိုပါ တစ်ပါတည်းဆေးရုံယူသွား ပြဖို့လိုအပ်ပါတယ်။ မြွေကလည်း ကိုက် ပြီးတာနဲ့အပြေးမြန်တာကြောင့် မိမိအကိုက် ခံရတဲ့ မြွေမ၏အဆင်းသဏ္ဌာန်ကို မှတ်မိ အောင်ကြည့်ထားပါ။ (မြွေမဟောက်ကပါး ပြင်းထောင်လေ့ရှိလို့ ခြေမျက်စိအပေါ်ကို ကိုက်တတ်ပြီး မြေပွေးကတော့ခြေမျက် စိအောက်ကိုကိုက်လေ့ရှိပါတယ်၊ အဆိပ်ရှိ မြွေမ၏ဦးခေါင်းဟာ များသောအားဖြင့် တြိဂံပုံသဏ္ဌာန်ဖြစ်ပါတယ်။)
ပေါက်ပေါက်
The Union Daily
http://uniondaily.net

No comments:
Post a Comment