အရေးပေါ် သတိပေးချက်များနှင့် သတင်းထုတ်ပြန်ချက်များကို အလိုအလျောက် အသိပေးနိုင်မည့် မိုဘိုင်းလ် App အသစ် ထွက်ရှိ
မြန်မာနိုင်ငံ တစ်ဝှမ်း ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၂ ခု ခန့်မှာ ရေကြီး ရေလျှံမှု တွေ ဖြစ်ပေါ်လျက်ရှိပြီး လူဦးရေ ၂ သိန်း ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဒုက္ခသည် စခန်းများမှာ ခိုလှုံနေရပါတယ်။ နိုင်ငံရေး ကျွမ်းကျင်သူများကတော့ ဒီလို ပြည်သူအများ ဒုက္ခတွေ့ရတာဟာ ကြိုတင်ကာကွယ်မှု ၊ အချိန် နဲ့ တစ်ပြေးညီ သတင်းထုတ်လွှင့်မှု အားနည်းခဲ့လို ဖြစ်ရတယ်လို့ သုံးသပ်ထားကြပါတယ်။
မီဒီယာ များကလည်း မြန်မာနိုင်ငံရဲ့ အဆိုးဝါးဆုံး ရေဘေး ဒုက္ခ တွေ ထပ်မကြုံတွေ့နိုင်ဖို့အတွက် မိုးလေ၀သ ထုတ်ပြန်ကြေညာချက်များ ၊ သတိပေးချက်များ ၊ ရေဘေးသင့်ဒေသ အခြေအနေများ နဲ့ ပြန်လည် ထူထောင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ကြေညာနိုင်အောင် ကြိုးစားနေကြပါတယ်။
အခုလည်း မြန်မာနိုင်ငံ အတွင်း က ယုံကြည်စိတ်ချရသော သတင်းမီဒီယာ အသီးသီး ရဲ့ နောက်ဆုံးရ သတင်းတင်ဆက်မှုများကို စုစည်းဖော်ပြသွားပြီး တစ်နေရာတည်းမှာတင် မြန်မာနိုင်ငံ ရဲ့ ရေဘေး အခြေအနေများနဲ့ သတိပေးကြေညာချက်များကို ဖော်ပြပေးသွားမယ့် မိုဘိုင်းလ် App တစ်ခုထွက်ပေါ်လာပါတယ်။
ထို App ကတော့ Myanmar Alerts ဆိုတဲ့ App ပဲ ဖြစ်ပါတယ်။ ဒီ App ဟာ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ရေဘေးအခြေအနေများကို ဒေသ အလိုက် သတ်မှတ်ဖော်ပြပေးသွားမှာ ဖြစ်သလို အရေးကြီး သတိပေးချက်များ ၊ ထုတ်ပြန်ကြေညာချက်များကိုလည်း App အားဖွင့်ထားစရာမလိုပဲ အလိုအလျောက် Notification များပေးပို့ခြင်းဖြင့် အသိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထို App ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံ ရဲ့ အားနည်းချက်တစ်ခုဖြစ်နေတဲ့ အချိန်နဲ့ တစ်ပြေးညီ သတင်းထုတ်လွှင့်မှု ကို ပိုမို အားကောင်းလာစေရန် အတွက် မီဒီယာ နဲ့ ပြည်သူအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးခြင်းပဲ ဖြစ်တယ်လို့ လည်းသိရပါတယ်။ ဒီ App ကို လိုချင်သူတွေအနေနဲ့ အောက်ပါ link များမှာ အခမဲ့ ဒေါင်းလုဒ် ရယူနိုင်မှာ ဖြစ်ပါတယ်။
Googူe Play Store : http://tiny.cc/
1Mobile Market : http://tiny.cc/MyanmarAlerts1M
Mediafire Link : http://tiny.cc/MyanmarAlertsMF


No comments:
Post a Comment